City Bus ယာဉ်မောင်းများ လိုက်နာရန် အထွေထွေ လမ်းညွှန်ချက်များ
ယာဉ်မောင်း ဦးကျော်ဇင်သန် မောင်းနှင်သော 1L/7434 ယာဉ်ပေါ်တွင် (၈.၆.၂၀၁၆ ရက်နေ့) က ကျန်ခံသော ပိုက်ဆံအိတ်အား ပိုင်ရှင်ဖြစ်သူ ဦးဝေဖြိုးထံသို့ (၉.၆.၂၀၁၆ ညနေ ၄:၄၅) တွင် ပြန်လည်ပေးအပ်ခဲ့ပါသည်။
YBPC မှ လက်ရှိအသုံးပြုလျက်ရှိသော Booth များနှင့် ယာဉ်ရပ်နားမှတ်တိုင်များအား ဖျက်ဆီးမှုများရှိနေသဖြင့် ယင်းကဲ့သို့ မပြုလုပ်ပါရန် အနူးအညွတ်မေတ္တာ ရပ်ခံအပ်ပါသည်။
ယခုကာလမှာ မိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ကားများကြံခိုင်မှုရှိစေရန် စစ်ဆေးပြုပြင်ခြင်းများ ပြုလုပ်နေပါသဖြင့် ရက်အနည်းငယ် ကားထွက်ကျဲသွားမည် ဖြစ်ပါသည်။ သို့ပါ၍ ခရီးသွားပြည်သူများမှ နားလည် သီးခံပေးကြပါရန်၊ မေတ္တာရပ်ခံအပ်ပါသည်။
YBPC ၏ BRT Lite ကို အားပေးနေကြသော ခရီးသွားပြည်သူများ၏ အကြံပြုချက်၊ တိုင်ကြားချက်များကို အလေးထားသောအားဖြင့် စည်းကမ်းမလိုက်နာသော (မရိုးသားခြင်း၊ ရိုင်းပြခြင်း၊ အလုပ်အပေါ်မလေးစားခြင်း) ယာဉ်မောင်းများအား အလုပ်ထုတ်ပယ်သည်အထိ ပြင်းထန်စွာ အရေးယူမူများပြုခဲ့ပါသည်။
YBPC BRT LITE ယာဉ်လိုင်းသို့ Scania City Bus (၅) စီး ထပ်မံရောက်ရှိနေပြီဖြစ်ပြီး မကြာမီကာလအတွင်း Daewoo (၁၅) စီး ထပ်မံရောက်ရှိလာတော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ကားလက်မှတ်ရောင်းချခြင်းနှင့် ငွေဖြည့်ခြင်းများအတွက် မှတ်တိုင် ၈ခုဖြစ်သော ထောက်ကြန့်၊ ၈မိုင်၊ မာလာ၊ မြေနီကုန်း၊ သမ္မတ၊ ၀ါယာလက်၊ လမ်းနီ၊ ဗိုလ်တထောင် မှတ်တိုင်တို့တွင် ရောင်းချပေးသွားပါမည်။
ရန်ကုတ်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဒါရိုက်တာအဖွဲ့ဝင်များနှင့် ဝန်ထမ်းများ နှစ်သစ်အကြိုတွေ့ဆုံပွဲအခမ်းအနားကို ၂၀၁၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ YBPC ရုံး၌ ကျင်းပခဲ့ပါသည်။
၁။ မှတ်တိုင်တိုးချဲ့ပေးခြင်း ရန်ကုန်ဘတ်စ်ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် BRT Lite အား လိုက်ပါ စီးနင်းကြသည့် ခရီးသွားပြည်သူများ ခရီးသွားလာရေး ပိုမိုအဆင်ပြေစေရန် အောက်ပါမှတ်တိုင်များကို တိုးချဲ့သတ်မှတ်လျက် ရပ်နားပြေးဆွဲလျက် ရှိပါသည်။
‘BRT ကားတွေက ညာ ဘက်မှာပြေးဆွဲတာဆိုတော့ အစ ပိုင်းမှာ အရမ်းခက်ဦးမှာပါ။ ညာ ဘက်ကိုပြေးတာဖြစ်လို့ တခြား ကားတွေကိုအသုံးပြုခွင့်မပေး တာ၊ မမောင်းရတာမဟုတ်ဘူး။ မောင်းလို့ရပါတယ်။