Future Fully BRT

ကုမ္ပဏီအနေဖြင့် ထောက်ကြန့်တွင် ကားရပ်နားစခန်း (bus terminal) ဆောက်လုပ်ရန်ရှိပြီး၊ နယ်များမှလာသည့်ဘတ်(စ်)ကားများ အဆိုပါ စခန်းတွင်ရပ်စေပြီး BRT တို့ပြောင်းလဲစေခြင်းဖြင့် မြို့တွင်းသို့နယ်ကားများ မဝင်တော့သည့်အတွက် ကားကြပ်ခြင်း လျော့နိုင်သလို BRT ကြောင့် အချိန်တို အတွင်း လိုရာခရီးရောက်နိုင်ပါသည်။ ထို့အတူ BRT အောင်မြင် လာလျှင် အခြားဘတ်(စ်)ကားများ အနေဖြင့် feeder roads ဟုခေါ်သည့် BRT လမ်းကြောင်းသို့ ဆက်သွယ်သည့် အခြားလမ်းများပေါ်တွင်သာ ပြေးဆွဲလာနိုင်ပါသည်။ နောင်တွင်ကုမ္ပဏီ၏ယဉ်များ လာပါက ကိုယ်ပိုင်လောင်စာဆီ ဖြည့်စွမ်းရေးလုပ်ငန်းနှင့် အသေးစားဘဏ်လုပ်ငန်းများပါ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကာ မူလ လုပ်ငန်းတိုး တက်ဖွံ့ဖြိုးမှု များစွာ အထောက်အကူပြုစေမည်ဖြစ်သည်။