ရှေ့လုပ်ငန်းစဉ်များ

ရှေ့လုပ်ငန်းစဉ်များ

အဆင့် (၁) Phase-I

လမ်းကြောင်း(၁) ပြည်လမ်းနှင့် လမ်းကြောင်း(၂) ကမ္ဘာအေးဘုရားလမ်းတို့တွင် အမြန် ဘတ်(စ်) ကား စနစ်ကို မော်တော်ကားသစ် (၄၅)စီးဖြင့်တင်ပြေးဆွဲ ဖြစ်ပြီး၊ ကားစီးရေ (၆၅) စီးထိတိုးချဲ့ပြေးဆွဲမည်ဖြစ်ပါသည်။ အမြန် ဘတ်(စ်)ကားစနစ်ကို ပြည်သူတို့၏ ကြိုက်နှစ် သက်မှု မြင့်တက် လာလျှင် ပိုမိုပြေးဆွဲနိုင်ရေးအတွက် ကားသစ် များထပ်မံ ဝယ်ယူရန် မျှော်မှန်းပါသည်။ ထို့ပြင် အများပြည်သူများ အမြန် ဘတ်(စ်)ကားစနစ်ကို ယုံကြည်လက်ခံပါက နိုင်ငံတကာ BRT (bus rapid transit) စနစ် အပြည့်အဝဆောင်ရွက်နိုင်ရန် သီးသန့်လမ်းဖြင့် ပြောင်း ရွေ့ပြေးဆွဲရန် ရည်မှန်း ပါသည်။ သို့မှသာ အများပြည်သူတို့အတွက် ဝန်ဆောင်မှုအပြည့်အဝပေးနိုင်မည်ဖြစ်သလို ဘေးကင်းလုံခြုံမှု၊ သက်တောင့်သက်သာရှိမှု၊ အမြန်ဆုံး လိုရာခရီးရောက်နိုင်မှုတို့ကို ဖော်ဆောင်နိုင်မည်ဖြစ် သလိုရန်ကုန် တွင် လက်ရှိကားကြပ်သည့် ပြဿနာကြောင့် အရေပေါ်ကားများဖြစ်သည့် မီးသတ်ကား၊ လူနာတင်ယာဉ်၊ ရဲကားများ သွားလာမှုကိုလည်း BRT လမ်းကြောင်း အသုံးပြုနိုင်သည့်အတွက် အထူးအသုံးဝင်မည် ဖြစ်သည်။

အဆင့် (၂) Phase-I I

လမ်းကြောင်း (၃) ကိုလည်း ၂၀၁၇ ခုနှစ်တွင် ဆက်လက်လုပ်ဆောင် မည်ဖြစ်သည်။ လုပ်ငန်းစဉ် တခုချင်းအလိုက် ကျပ် (၂၅) ဘီလီယံ ရင်းနှီးမြှုပ်နှံရန် မျှော်မှန်း ထားပါသည်။ ကုမ္ပဏီအနေဖြင့် ထောက်ကြန့်တွင် ကားရပ်နားစခန်း (bus terminal) ဆောက်လုပ်ရန်ရှိပြီး၊ နယ်များမှ လာ သည့် ဘတ်(စ်)ကားများ အဆိုပါ စခန်းတွင်ရပ်စေပြီး BRT တို့ပြောင်းလဲစေခြင်းဖြင့် မြို့တွင်းသို့နယ်ကားများ မဝင်တော့သည့်အတွက် ကားကြပ်ခြင်း လျော့ နိုင်သလို BRT ကြောင့် အချိန်တို အတွင်း လိုရာခရီးရောက်နိုင်ပါသည်။ ထို့အတူ BRT အောင်မြင် လာလျှင် အခြားဘတ်(စ်)ကားများ အနေဖြင့် feeder roads ဟုခေါ်သည့် BRT လမ်းကြောင်းသို့ ဆက်သွယ်သည့် အခြားလမ်းများပေါ်တွင်သာ ပြေးဆွဲလာနိုင်ပါသည်။ နောင်တွင်ကုမ္ပဏီ၏ယဉ်များလာပါက ကိုယ်ပိုင်လောင်စာဆီ ဖြည့်စွမ်းရေးလုပ်ငန်းနှင့် အသေးစားဘဏ်လုပ်ငန်းများပါ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကာ မူလ လုပ်ငန်းတိုး တက်ဖွံ့ဖြိုးမှု များစွာ အထောက်အကူပြုစေမည်ဖြစ်သည်။