ကုမ္ပဏီတည်ထောင်ခြင်း
ရန်ကုန်တိုင်းဒေသကြီး၏ မြို့တော်ရန်ကုန်သည် ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးတွင် လူဦးရေ အများဆုံးဖြစ်ပြီး လူဦးရေ (၁.၆) သန်းခန့်သည် နေ့စဉ်ခရီးသည်ဖွဲ တင်ဘတ်စ်ကားယာဉ်လိုင်းများကို မှီခိုအားထား စီးနင်းကြရာ၌ ရန်ကုန်မြို့နေ ခရီးသွား ပြည်သူများ သွားလာမှု အဆင်ပြေချောမွေ့စေရေး နှင့် လုံခြုံစိတ်ချရပြီး ဝန်ဆောင်မှု ကောင်းမွန်သော ခရီးသည်တင်ဘတ်စ်ကား စနစ် ပိုမိုကောင်းမွန် လာစေရေးအတွက် ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရန်ကုန်ဘတ်စ်ကားအများနှင့် 0သက်ဆိုင်သော ကုမ္ပဏီလီမိတက်(YBPC)ကို ဖွဲစည်းခဲ့ခြင်း ဖြစ်ပါသည်။


