ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် City Bus ကားများ ဝယ်ယူရန်အတွက် အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူခြင်း

၁။    ရန်ကုန်ဘတ်စ်ကားအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်သည် ရန်ကုန်မြို့တွင် ခရီးသွားလာမှုအဆင်ပြေစေရေးအတွက် ခရီးသည်တင်ယာဉ် City Bus များပြေးဆွဲရန် အမျိုးအစားကောင်းမွန်သောပြည်ပနိုင်ငံထုတ်မော်တော်ယာဉ်များကို ၀ယ်ယူရန် အလိုရှိပါသဖြင့် တင်ဒါပေးသွင်းလိုသောမြန်မာနိုင်ငံသားများပိုင် ကုမ္ပဏီလုပ်ငန်းရှင်များကို ဖိတ်ခေါ်အပ်ပါသည်။

၂။    ၀ယ်ယူလိုသည့် မော်တော်ယာဉ်များမှာ အသင့်မောင်းနှင်၍ ကောင်းမွန်စွာအသုံးပြုနိုင်သောခရီးသည်တင်ယာဉ် Air Con, City Bus ဘယ်မောင်း၊ ပြည်ပနိုင်ငံထုတ် Model Year 2007 , 2008, 2009,2010 ခုနှစ် Recondition , ကောင်းမွန်သောခရီးသည်ထိုင်ခုံနှင့် တံခါး (၂) ပေါက်ပါရှိသော Use Car ယာဉ်အစီးရေ ၁၀၀ ကို စတင်၀ယ်ယူလိုပါသဖြင့် တင်ဒါလျှောက်လွှာပုံစံနှင့် တင်ဒါစည်းကမ်းများကိုအမှတ်-၁၃၁/၁၃၃ 1st (A) ၊ ဗိုလ်တထောင်ဘုရားလမ်း၊ ဗိုလ်တထောင်မြို့နယ်ရှိကုမ္ပဏီရုံးခန်းတွင် ၂၆.၉.၂၀၁၆ ရက်နေ့မှ ၁၄.၁၀.၂၀၁၆ ရက်နေ့ထိ၊ နံနက် (၁၀:၀၀) နာရီမှ ညနေ (၁၆:၀၀) နာရီထိ (ကုမ္ပဏီရုံးဖွင့်ရက်တွင်) ၀ယ်ယူနိုင်ပါသည်။

၃။    တင်ဒါလျှောက်လွှာများကိုပြည့်စုံစွာဖြည့်စွက်ပြီး၁၈.၁၀.၂၀၁၆ ရက်နေ့ ညနေ (၁၅:၀၀) နာရီနောက်ဆုံးအဆိုပါရုံးသို့ တင်သွင်းရန်ဖြစ်ပြီးတင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့မှ သတ်မှတ်ထားသောစည်းကမ်းချက်နှင့် ကိုက်ညီသောအဆိုပြုလွှာတင်သွင်းသူများကိုအမြန်စိစစ်ရွေးချယ်မည်ဖြစ်ပြီး၊ သိရှိလိုသောအချက်အလက်များကိုရုံးချိန်အတွင်း ဖုန်း-၀၉-၂၅၆၂၅၂၃၉၂၊ ၀၉-၄၅၈၆၃၁၆၀၈၊ ၀၁-၃၉၇၈၅၀ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်