Error message

Notice: Trying to access array offset on value of type bool in at_generate_html_classes() (line 69 of /home2/cp049743/public_html/yangonbuspubliccompany.com/sites/all/themes/adaptivetheme/at_core/inc/generate.inc).

စတင်ပေါ်ပေါက်လာပုံ

စတင်ပေါ်ပေါက်လာပုံ

နိုင်ငံတော် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မူ(Public Private Partnership PPP) ပုံစံ ဖြင့် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ ရန်ကုန်ဘတ်စ်ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်ကို စတင်ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းရခြင်းအကြောင်းရင်းမှာ ရန်ကုန်မြို့သည် မြန်မာနိုင်၏ လူဦးရေအများဆုံးနေထိုင်လျက်ရှိသော ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်နေသော စီးပွားရေး အရအရေးပါသော မြို့တော်ဖြစ်သည်။ ၂၀၁၀ ခုနှစ်မှစ၍ မော်တော်ယာဉ်တင်သွင်းမှု ခွင့်ပြုခဲ့ရာ၂၀၁၅-ဇူလိုင်လအထိမော်တော်ကားအသစ် စီးရေ (၅) သိန်း၀န်းကျင် တင်သွင်းခဲ့ပြီး ယင်းတို့ထဲမှ ၇၀% ကျော်မှာရန်ကုန်မြို့တွင် အသုံးပြုနေသည့်အတွက် လက်ရှိလမ်းများတွင် ယာဉ်ကြောကြပ်တည်း မှုပြဿနာနေ့စဉ်ကြုံတွေ့နေရသည်။ လူများစုဖြစ်သည့် အခြေခံလူတန်းစားများနှင့် ဝန်ထမ်းများ အဓိက အားကိုးရသည့် ဘတ်စ်ကား၏ ဝန်ဆောင်မှုညံ့ဖျင်းမှုနှင့် စည်းကမ်းမလိုက်နာမှု၊ ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွားလာပြီး၊ ခရီးသည် ခရီးသွား ပြည်သူများ အနေဖြင့် ဘတ်စ်ကားကြောင့် လူစိတ်ပင်ပန်း မှုများအချိန်ကုန်ဆုံးမှုများ၊ လုပ်ငန်းနှောင့်နှေးမှုများ ကြုံတွေ့ခံစားနေရသည့်အတွက် နိုင်ငံတကာကဲ့သို့ အများပြည်သူ ယုံကြည်အားထားနိုင်သည့် ပြည်သူလိုလားသည့်  ဘတ်စ်ကားစနစ်ထွန်းကားလာစေရန် နိုင်ငံတော်မှဦးဆောင်ပြီး(Public Private Partnership PPP) ပုံစံဖြင့် ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ကို တည်ထောင်ရခြင်းဖြစ်ပါသည်။

ကျွနိုပ်တို့ ကုမ္ပဏီ၏ မျှော်မှန်းချက်

*    အများပြည်သူသွားလာမှုအဆင်ပြေချောမွေ့စေရန်

ကျွနိုပ်တို့ ရည်ရွယ်ချက်

*        အများပြည်သူ ယုံကြည် အားထားနိုင်သည့် ဘတ်စ်ကားစနစ် ဖေါ်ဆောင်ရေး

*        အပေါ့စားဘတ်စ်ကားစနစ်ထွန်းကားရေး

*        ခရီးသည်များအားဘေးကင်းလုံခြုံစိတ်ချရမှု၊ သက်တောင့် သက်သာရှိမှု

*        ဘတ်စ်ကား စီးရသည့်အချိန် လျော့ကျစေခြင်း

*        အများပြည်သူအတွက် သင့်တင့်လျောက်ပတ်သော ယာဉ်စီးခ ဖြစ်စေရေး

ထည့်၀င်အရင်းအနှီး

*        နိုင်ငံတော် ကျပ် (၁၀)ဘီလီယံ ၄၀ ရာခိုင်နှုန်း

*        အများပြည်သူကျပ် (၁၅)ဘီလီယံ ၆၀ ရာခိုင်နှုန်း