အများပိုင်ဘတ်စ်ကားစနစ်ဖြင့် ပထမအဆင့် ပြေးဆွဲမည့် ယာဉ်လမ်းကြောင်းများ

BRT ပြေးဆွဲမည့်လမ်းကြောင်းကို Phase-1 အနေဖြင့် ထောက်ကြန့်မှ ပြည်လမ်းအတိုင်း ~ ၈မိုင် လမ်းဆုံအထိ ပြေးဆွဲမည် ဖြစ်ပါသည်။
BRT Route Phase-1-1 တွင် ၈ မိုင်လမ်းဆုံမှ ပြည်လမ်းအတိုင်း ~ ဗိုလ်ချုပ်လမ်းဆုံအထိ၊ ၎င်းမှ ဗိုလ်ချုပ်လမ်းအတိုင်း ~ ဆူးလေဘုရားလမ်းအထိ၊ ဆူးလေဘုရားလမ်းနှင့် ဂျိုးဖြူလမ်း၊ ကမ္ဘာအေး ဘုရားလမ်းအတိုင်း ~ ၈ မိုင်လမ်းဆုံအထိ Counter Clockwise Direction အတိုင်း လည်းကောင်း၊
BRT Route Phase-1-2 တွင် ၈ မိုင်လမ်းဆုံမှ ~ ကမ္ဘာအေးဘုရားလမ်း အတိုင်းရွှေဂုံတိုင်အထိ၊ ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းဆုံမှ ~ ဗိုလ်ချုပ်လမ်းအတိုင်း ဗိုလ်တထောင်ဘုရား လမ်းဆုံအထိ၊ ၎င်းမှ ~ ဗိုလ်တထောင်ဘုရားလမ်း အတိုင်း ကမ်းနားလမ်းဆုံအထိ၊ ၎င်းမှ ကမ်းနားလမ်း အတိုင်း ~ ဘုန်းကြီးလမ်းဆုံအထိ၊ ၎င်းမှ ~ ဘုန်းကြီးလမ်း အတိုင်း မြောက်ဘက်သို့တက်၍ ပြည်လမ်း အတိုင်း ၈ မိုင်လမ်း ဆုံအထိ Clockwise Direction အတိုင်း လည်းကောင်း ပြေးဆွဲမည်ဖြစ်သည်။