ရန်ကုန်ဘတ်(စ်)ကားအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်

ရန်ကုန်ဘတ်(စ်)ကားအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်

ရန်ကုန်မြို့သည် လူဦးရေအများဆုံးရှိပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ဘက်ပေါင်းစုံ အရေးပါဆုံးဖြစ် သည်။ အစိုးရသစ်လက်ထက် ယခင် ပိတ်ပင်ထားခဲ့သည့် မော်တော်ကားတင်သွင်းမှုကို (ယာဉ်အို၊ ယာဉ်ဟောင်း လဲလှယ် မှုနှင့် တစ်ဦးချင်းဝယ်ယူမှု) တို့ကိုပြုလုပ်ပေးသည့်အတွက် မော်တော်ကား သစ်များစီးရေ ၅ သိန်းဝန်းကျင် (၂၀၁၅ ၊ ဇူလိုင်လအထိ) ဝင်ရောက်ခဲ့ပါသည်။ ၎င်းအထဲမှ အများစု (၇၀% ကျော်) သည် ရန်ကုန်မြို့တွင် အသုံးပြုနေသည့်အတွက် ရှိနေသည့်လမ်းများနှင့် နှိုင်းယှဉ်လျှင် ယာဉ်စီးရေများလာမှုကြောင့် ယာဉ်ကြောကြပ်မှုပြဿနာ နေ့စဉ်ကြုံနေရပြီး လမ်းပေါ်တွင် အချိန်ကုန်ဆုံး နေရပြီဖြစ်သည်။ အထူးသဖြင့် အများစုဖြစ်သည့် အခြေခံလူတန်းစားများနှင့် ဝန်ထမ်းများ အဓိက အားကိုးရသည့် ဘတ်စ်ကား၏ ဝန်ဆောင်မှုညံ့ဖျင်းခြင်းနှင့် စည်းကမ်းဖောက်မှုများကြောင့် ယာဉ်ကြော ပိတ်မှု ပိုမိုဆိုးဝါးစေသလို ခရီးသည်များအတွက်လည်း ဘတ်စကားကြောင့် လူပင်ပန်းစိတ်ပင်ပန်းမှုများ ပိုမိုရှိနေပြီဖြစ်သည်။

            ရန်ကုန်မြို့ UMFCCI တွင်ပြုလုပ်သည့် အများပြည်သူသွားလာမှုအဆင်ပြေ ချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲများတွင် ပြည်သူများတစ်စိုက်မတ်မတ်တောင်းဆိုသည့် အချက်မှာ နိုင်ငံတကာကဲ့သို့ အများပြည်သူ ယုံကြည်အားထားနိုင်သည့် ဘတ်စ်ကားစနစ် တည်ထောင်ရေးပင်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် အထူးအလေးထားသည့်အတွက် နိုင်ငံတော်-ပုဂ္ဂလိ က ပူးပေါင်းဆောင်ရွက်မှု (Public-Private Partnership-PPP) စနစ်ဖြင့် အများပိုင်ကုမ္ပဏီ ထူထောင်ရန်ဖြစ်ပါသည်။ ထို့အတွက် ရန်ကုန်ဘတ်(စ်)ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ကို စတင်တည်ထောင်ခြင်းဖြစ်ပါသည်။

            ရန်ကုန်ဘတ်(စ်)ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဖွဲ့စည်းနိုင်ရန် ပြည်သူလူထုသို့ အသိပေး ခြင်းကို ၂၀၁၅ခုႏွစ္၊ မေလ (၂) ရက်နေ့၊ ရန်ကုန်တိုင်းဒေသအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ တွင် ကနဦး အသိပေး အကြောင်းကြားခဲ့ပြီး အများပိုင်ကုမ္ပဏီဖွဲ့စည်းနိုင်ရေးအတွက် ပုဂ္ဂလိကကဏ္ဍမှ စတင်ထူထောင်မည့်သူများ (Founders) များ ဖိတ်ခေါ်ခဲ့သလို အများပြည်သူများ ပါဝင်နိုင်ရန်အတွက် အများပိုင်ကုမ္ပဏီ ဖွဲ့စည်းနိုင်ရေး စတင်တည် ထောင်ခဲ့ သည်။

ရည်ရွယ်ချက်

        ရန်ကုန်မြို့နေ အများပြည်သူတို့၏ သွားလာမှုအဆင်ပြေချောမွေ့စေရေး ဦးတည်ချက်ဖြင့် ရန်ကုန် ဘတ်(စ်)ကား စနစ်ကို ပိုမိုကောင်းမွန်စေရန်နှင့် ဝန်ဆောင်မှုမြှင့်တင်နိုင်ရေးအတွက် ရန်ကုန်ဘတ်(စ်)ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ကို နိုင်ငံတော်၊ ပုဂ္ဂလိက ပူးပေါင်းလုပ်ဆောင်မှု အစီအစဉ် (Public-Private Partnership-PPP) ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ရန်ကုန်ဘတ်(စ်)ကား အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ ရည်ရွယ်ချက် များမှာ -

    - ဘေးကင်းလုံခြုံစိတ်ချရပြီး ပြည်သူများအားကိုးအားထားပြုနိုင်သည့် ဘတ်(စ်)ကားစနစ် ပေါ်ပေါက်ရေး
    - ဝန်ဆောင်မှုကောင်းပြီး အများတတ်နိုင်သည့် သင့်တင့်မျှတသော ဈေးနှုန်းဖော်ဆောင်ရေး
    - နိုင်ငံတကာကဲ့သို့ အပေါ့စားအမြန်ဘတ်စ်ကားစနစ် စတင်နိုင်ရေး တို့ဖြစ်သည်။

တည်နေရာ

        ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် ၏ ရုံးခန်းတည်နေရာမှာ အမှတ်-(၆၅)၊  လေးထောင့်ကန်လမ်း၊ မာန်အောင်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရုံးခန်းဖွင့်လှစ်ထားပါသည်။

၀၉၂၆၄၈၂၄၂၆၂ ၊ ၀၉၂၅၃၀၆၆၅၅၇ ၊ ၀၉၅၀၆၆၇၈၂