ဘတ်(စ်)ကားပြေးဆွဲမှုကော်မတီ

ဘတ်(စ်)ကားပြေးဆွဲမှုကော်မတီ

ရန်ကုန်ဘတ်(စ်)ကား လက်တွေ့ပြေးဆွဲရေးအတွက် တာဝန်ယူလုပ်ဆောင်ရမည့် ကော်မတီဖြစ်ပြီး၊ မျှော်မှန်း ထားသည့် အဓိကရည်းမှန်းချက် ပြည့်မှီရေးနှင့် အစစအရာရာ အဆင်ပြေချောမွေ့စေရေး လုပ်ဆောင်ရမည်ဖြစ်ပြီး လက်တွေ့ကွင်းဆင်းပြီး ကြီးကြပ်ခြင်း (Monitoring) နှင့် အကဲဖြတ်ခြင်း (evaluation) ဆောင်ရွက်ရမည်ဖြစ်သလို ခရီးသည် ပိုမိုရရှိရေးနှင့် ဘတ်စကားများ သတ်မှတ်စည်းကမ်း များအတိုင်း လိုက်နာမောင်းနှင်စေရေး၊ လမ်းကြောင်း တစ်လျှောက် ဖြစ်ပေါ်နိုင်သည့် အခက်အခဲများ၊ စိန်ခေါ်မှုများ လေ့လာခြင်း၊ ခရီးသည်များ၏ လိုအပ်ချက် ဖြည့်စွမ်းနိုင်မှု၊ ဘတ်စ်ကားများ အချိန်မှန်မှု၊ အသုံးပြုထားသော နည်းပညာအခြေအနေ၊ သတ်မှတ်စနစ် အောင်မြင်မှု ရှိ/မရှိ ၊ အခြားလို အပ်ချက်များ၊ ဆောင်ရွက်သင့်သည့် အစီအမံတို့ကို ဒါရိုက်တာဘုတ်အဖွဲ့ (Board of Directors) သို့ တင်ပြရမည်ဖြစ် သည်။