လုပ်ငန်းစီမံကိန်း

လုပ်ငန်းစီမံကိန်း

ရန်ကုန်မြို့၏ အများပြည်သူတို့ အဓိက အားပြုနေရသည့် ဘတ်(စ်)ကားစနစ် ယခုထက် ပိုမို ကောင်းမွန်စေရေး၊ ဘေးကင်းလုံခြုံစိတ်ချရေး၊ သက်တောင့်သက်သာဖြစ်စေရေး၊ ဘတ်(စ်)ကားစီးရသည့် အချိန် လျော့ကျစေရေး ရည်မှန်း ချက်များဖြင့် ရန်ကုန်ဘတ်(စ်)ကားအများပိုင်ကုမ္ပဏီလီမိတက်အား ကုမ္ပဏီများဦးစီးဌာနမှ တရားဝင်မှတ်ပုံတင်ခြင်းကို (၂၇-၇-၂၀၁၅) နေ့ရက်၊ စာအမှတ် ၁၃၃၁/၂၀၁၅- ၁၆ (ရက) ဖြင့်ခွင့်ပြုပြီးဖြစ်ပါသည်။ ယခု လုပ်ငန်းစီမံကိန်းသည် Phase (I) လုပ်ငန်းအကောင်အထည်ဖော် မှုအတွက်သာဖြစ်ပြီး နောင်လုပ်မည့် Phase (II) လုပ်ငန်းများနှင့် မသက် ဆိုင်ပါ။ ထို့အတူ ငွေအရင်း အနှီးအတွက် ရှယ်ယာထုတ်လုပ်ရောင်းချမှုသည်လည်း Phase (I) အဆင့် (II) လုပ်ငန်းစဉ် အတွက်သာ ဖြစ်ပါသည်။

ကုမ္ပဏီအနေဖြင့် အများပြည်သူနှင့်ဆိုင်သည့် ဘတ်(စ်)ကားပြေးဆွဲရေးလုပ်ငန်းကို လုပ်ဆောင်ရာ တွင် လက်ရှိ ပြေးဆွဲနေသည့်ဘတ်(စ်)ကားစနစ်၏ အားနည်းချက်များ ကျော်လွှားနိုင်ရေးနှင့် ပိုမိုကောင်း မွန်သည့်ဘတ်(စ်)ကားစနစ် ထွန်းကားလာရေးအတွက် စနစ်သစ်များဖြင့်လုပ်ဆောင်မည်ဖြစ်သည်။ ပထမစနစ်သစ်မှာ ဘတ်(စ်)ကားများ ပိုင်ဆိုင် မှုစနစ်ကို တစ်ဦးချင်းပိုင်ဆိုင်မှုစနစ်မှ အများပိုင်စနစ်သို့ ပြောင်းလဲခြင်းဖြစ်သည်။ အကြောင်းမှာ တစ်ဦးချင်း ပိုင်ဆိုင် မှုကြောင့် ပိုင်ရှင်အများစု owner ကြေး သတ်မှတ်ရယူမှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အနေဖြင့် ငွေရရှိ ရေးကိုသာ အဓိကထားပြီး လုပ်ဆောင်ခြင်း၊ စည်းမျဉ်းစည်းကမ်းလိုက်နာမှု အားနည်းခြင်း၊ ဝန်ဆောင်မှုညံ့ခြင်း၊ လုံခြုံမှု မရှိခြင်း စသည်တို့တွေ့ရမည်ဖြစ်သည်။ ငွေကြေးအရင်းအနှီး အင်အားရှိသည့် အများပိုင်ဖြစ်၍ ယာဉ်မောင်းများအား လုံလောက်သည့်လုပ်ခ ပေးမည်ဖြစ်ရာ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းအတိုင်း မောင်းရမည် ဖြစ်သလို ဘေး ကင်းလုံခြုံမှုကိုပါ အာမခံနိုင်မည်ဖြစ်သည်။ လက်ရှိပြေးဆွဲနေသည့် ဘတ်(စ်)ကား များမှာ တပတ်ရစ်ကားများ (recondition) ဖြစ်၍ စက်စွမ်းရည်၊ ကြံ့ခိုင်မှုအားနည်းမှုကြောင့် လေအေးပေးစက် မသုံးခြင်းနှင့် ကားမတော်တဆ ဖြစ်ခြင်းမကြာခဏဖြစ်ပေါ်နေသည်။ ထို့အတွက် ရန်ကုန်ဘတ်(စ်)ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် အနေဖြင့် ရန်ကုန်မြို့အတွင်း ဘတ်(စ်) ကား ပြေးဆွဲမှုကို နောက်ဆုံးပေါ်ကားသစ်ကြီးများ (Brandnew Bus Cars) ဖြင့် ပထမဆုံး အကြိမ် စတင်တော့မည် ဖြစ်သည်။

ထို့ပြင် ယနေ့ ရန်ကုန်မြို့နေ ဘတ်(စ်)ကားအသုံးပြုနေသည့် အခြေခံလူတန်းစားများ၊ ဝန်ထမ်း များ၊ ကျောင်းသူ /သားများအနေဖြင့် ယာဉ်ကြောပိတ်မှုကြောင့် ဘတ်(စ်)ကားပေါ်တွင် တန်ဘိုးရှိသည့် အချိန်များ ကုန်နေရခြင်းဖြစ်သည်။ အများပိုင်ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အမြန် ဘတ်(စ်)ကားစနစ်ကို လုပ်ဆောင်တော့မည်ဖြစ်ရာ အဆိုပါလမ်းများတလျှောက် လက်ယာဘက်အစွန်ဆုံး လမ်းကိုသီးသန့်လမ်း (dedicated lane) အဖြစ်သတ်မှတ်ကာ အမြန်ဘတ်(စ်)ကားစနစ်သစ်စတင်မည် ဖြစ်၍ လက်ရှိ ရိုးရိုးဘတ်(စ်)ကားစီးလျှင် ကြာသည့်အချိန်ထက်ဝက်ခန့် လျှော့ချ နိုင်မည်ဟု ခန့်မှန်းထားပါသည်။ အမြန်စနစ်ဖြင့် ဘတ်စ်ကားပြေးဆွဲမှုကို ထောက်ကြန့်၊ ပြည်လမ်း မှ စတင်မည်ဖြစ်ပြီး ရှစ်မိုင်လမ်းဆုံရောက်လျှင် ပြည်လမ်းအတိုင်းမြို့ထဲသို့ သွားမည့်လမ်းကြောင်းနှင့် ရှစ်မိုင်မှ ကမ္ဘာအေး ဘုရားလမ်း အတိုင်းမြို့ထဲသို့ ဝင်မည့်လမ်းကြောင်း (၂) ကြောင်းအသီးသီးပြေးဆွဲပါမည်။ အဆိုပါ လမ်းကြောင်းများ၏ အကွာအဝေး (၅၂.၂) ကီလိုမီတာရှိပါသည်။ ကနဦးအဆင့်တွင် အဆိုပါ လမ်းကြောင်း (၂) ကြောင်းကို ကားစီးရေး (၆၅) စီးဖြင့်စ တင်ပြေးဆွဲမည်ဖြစ်ပြီး လူကြိုက်များလာလျှင် ကားစီးရေတိုးချဲ့သွားမည်ဖြစ်သည်။ဘတ်စ်ကားမှတ်တိုင်များကို အသစ် တည်ဆောက်သွားမည်ဖြစ်ပြီး အမြန်စနစ်ဖြစ်၍လမ်းဆုံများနှင့် အတက်အဆင်းများသည့် နေရာများတွင်တည်ဆောက် သွားမည်ဖြစ်သည် မှတ်တိုင်များတွင် လက်မှတ်ကောင်တာနှင့် သတင်းအချက်အလက်ပေးသည့် LED ဘုတ်များ တပ်ဆင်ပြီး ဘတ်စ်ကားလာမည့်အချိန် ထွက်မည့်အချိန် တို့ကိုဖော်ပြပါမည်။ ရန်ကုန်မြို့၏ အများပြည်သူသွားလာမှုတွင် စနစ်သစ်များဖြင့် ဆောင်ရွက်မည်ဖြစ်၍ ပြည်သူ လူထုအမှန်တကယ် လူမှုကောင်းစားရေး (social welfare) ဖော်ဆောင် နိုင်မည့်လုပ်ငန်းဖြစ်ပါသည်။