ယာဉ်စီးခစနစ်

              ယာဉ်စီးခအား ငွေသား (သို့မဟုတ်) ငွေသားမဲ့စနစ် (Card Payment System) တို့ကို ကုမ္ပဏီမှ ပြေးဆွဲလျှက်ရှိသော ယာဉ်လိုင်း(၁၄)လိုင်း ၏ ယာဉ်များပေါ် တွင် အသုံးပြု၍ရပါသည်။

             ကုမ္ပဏီသည် YPS Card (Yangon Payment System) နှင့် ချိတ်ဆက်ထားပြီ ယာဉ်စီးနင်းခမှာ ငွေသားဖြင့် ပုံသေ-၄၀၀ ကျပ် ၊ YPS Card & YBS QR ဖြင့် ပုံသေ-၃၅၀ ကျပ် ဖြင့် စီးနင်းနိုင်ပါသည်။

          YPS QR Code နှင့် ပေးချေနိုင်ဖို့အတွက် MPyps+ Application (Android Version) ကို Download ဆွဲပြီး YPS QR Register ပြုလုပ်၍ သုံးစွဲနိုင်ပါသည်။

🚌 YPS အရောင်းကောင်တာ များ
🚌 G&G Convenience Store များ
🚌 Capital Supermarket များ
🚌 ငြိမ်းချမ်းရေးစတိုး (စံပြစျေးအနီး)
🚌 သမာဓိ Mini Mart (အင်းစိန်ပန်းခြံအနီး)
🚌 YBS 21 (Power 11) ကားဂိတ်
🚌 YBS 57 ကားဂိတ် (သခင်မြပန်းခြံ)
🚌 YBS 81 ကားဂိတ် (သုခဒဂုံအိမ်ရာ)
🚌 YBS (61) - အနောက်ပိုင်းနည်းညာ တက္ကသိုလ် (လှိုင်သာယာ) ကားဂိတ် နှင့်
🚌 YBS (35) ဂိတ်ရင်း (ထောက်ကြန့်) ကားဂိတ်
🚌 စိုက်ပျိုးရေးမှတ်တိုင် (ကိုယ်စားလှယ်အရောင်းဆိုင်)
🚌 Rangoon Minimart (ကမ်းနားလမ်း နှင့် နတ်စင်လမ်းထောင့်) နဲ့
🚌 အေးချမ်းစတိုး (ရတနာဉာဏ်ရောင်ကျောင်းတိုက်ရှေ့၊ဓမ္မရိပ်သာလမ်း၊ ကြည်စုရပ်ကွက်၊ ဒေါပုံမြို့နယ်) တွင် ပြုလုပ်နိုင်ပါသည်။
YPS ကတ်နှင့် YPS QR ငွေဖြည့်ဝန်ဆောင်မှုများကို
✔ AYA x Counter – M Tower
✔ AYA x counter – Junction city
✔AYA x counter – Junction Mawtin
✔AYA x counter – Junction Square
✔AYA x counter – စမ်းချောင်း (စမ်းချောင်းလမ်း နဲ့ သုခမိန်လမ်း ထောင့်) တွင် ပြုလုပ်နိုင်ပါသည်။
YPS ကတ်,YPS QR နဲ့ ပက်သတ် တဲ့ အသစ်အသစ်သော အကြောင်းအရာများကို သိရှိနိုင်စေဖို့ Yangon Payment Service Facebook Page ကို
Like & Follow လုပ်ပြီးစောင့်ကြည့်နိုင်ပါသည်။
YPS ဝန်ဆောင်မှုများနဲ့ ပတ်သက်သည့် အကြောင်းအရာများကို Page မှာတင်ထားတဲ့
Post များမှ တဆင့် သိရှိနိုင်သလို အသေးစိတ်သိရှိလိုပါက Page Messenger  မှ တဆင့် စုံစမ်းမေးမြန်းနိုင်ရုံသာမက Call Center Phone Number: (Hotlineနံပါတ်)-09 772 666 699 သို့ တနင်္လာနေ့ မှ သောကြာနေ့အထိ ရုံးချိန်နံနက်(၉)နာရီ)မှ(ညနေ(၅) နာရီ) အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။