မတည်ရင်းနှီးငွေနှင့် အစုရှယ်ယာ ပိုင်ဆိုင်မှု

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် (၂၀၁၇ ခုနှစ်) မြန်မာနိုင်ငံကုမ္ပဏီ ဥပဒေအသစ်အရ (၂၁.၆.၂၀၁၉) ရက်နေ့ ကုမ္ပဏီ၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အတည်ပြုသည့်အချိန်တွင် မတည်ရင်းနှီးငွေ စုစုပေါင်း ကျပ် (၅၃.၀၃၄၆) ဘီလီယံဖြစ်ပြီး ကုမ္ပဏီ၏ အစုရှယ်ယာရှင် များအနက်မှ ပြန်လည်ရောင်းချရန် ဆန္ဒပြုချက်များအရ ၂၀၁၉ ခုနှစ် ၊၂၀၂၀ ခုနှစ်၊ ၂၀၂၃ ခုနှစ် ၊ ၂၀၂၄ ခုနှစ် နှင့် ၂၀၂၅ ခုနှစ် တို့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစုရှယ်ယာ ငွေကျပ် (၂)ဘီလီယံ နှင့် အများပြည်သူ အစုရှယ်ယာရှင် (၃၇၇) ဦးထံမှ အစုရှယ်ယာငွေကျပ် (၁.၀၃၇၅)ဘီလီယံ စုစုပေါင်း ငွေကျပ် (၃.၀၃၇၅) ဘီလီယံ တိတိ ပြန်လည် ဝယ်ယူပေးခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ထိ အစုရှယ်ယာထည့်ဝင်မှုအခြေအနေမှာ အစုရှယ်ယာရှင် စုစုပေါင်း (၁,၃၁၄) ဦး၊ အစုအရေအတွက် (၄၉၉,၉၇၁) ဖြစ်ပါသည်။

အစုရှယ်ယာ အမျိုးအစားဦးရေ ကျပ် (ဘီလီယံ) အစုပိုင်ဆိုင်မှု %
"က" အစုရှယ်ယာ1 43.00 86 %
"ခ" အစုရှယ်ယာ တည်ထောင်သူ94.509 %
"ခ" အစုရှယ်ယာ အများပြည်သူ1,3042.4971 5 %
စုစုပေါင်း1,31449.9971 100%