ရန်ကုန်တွင် အမြန်ဘတ်စ်ကားစနစ် စတင်ပြေးဆွဲ

ရန်ကုန်မြို့တွင်း၌ ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က အမြန်ဘတ်စ်ကားစနစ်(BRT)ကို တစ်ဦးလျှင်ယာဉ်စီးခကျပ် ၃၀၀ ဖြင့် ဖေဖော်၀ါရီ ၇ ရက်တွင် စတင်ပြေးဆွဲသည်။ သို့သော် အပေါ့စားအမြန်ဘတ်စ်ကားစနစ်(BRT Lite)ဖြင့်သာ စတင်ခြင်းဖြစ်သည်။

‘‘ဒီနေ့ကတော့ ရန်ကုန်မြို့ ရဲ့ ဘတ်စ်ကားစနစ်ကို ပြောင်းလဲ နိုင်ဖို့ ပထမဆုံးခြေလှမ်းဖြစ်ပါ တယ်။ ဒီ BRT စနစ်က မြန်မာ နိုင်ငံမှာ ပထမဆုံးပြုလုပ်တာဖြစ် ပြီး စနစ်သစ်တွေနဲ့ စတင်လုပ် ဆောင်ပေးထားတာပါ။ စနစ်သစ် လို့ပြောရာမှာလည်း ပိုင်ဆိုင်မှုစ နစ်အထိပြောင်းလဲပြီး လက်မှတ် စနစ်နဲ့လည်းဖြစ်ပါတယ်။ ဒီစနစ် က လူတိုင်းလွယ်လွယ်ကူကူ သုံး လို့ရအောင် စီမံထားတာဖြစ်ပြီး ယာဉ်လမ်းကြောအနေနဲ့လည်း အမြန်စနစ်နဲ့စမှာဖြစ်ပါတယ်’’ဟု ရန်ကုန်ဘတ်စ်ကားအများပိုင် ကုမ္ပဏီဦးစီးလုပ်ကိုင်သူ ဒေါက် တာမောင်အောင်က ပြောသည်။

စနစ်သစ်ဖြင့် ပြေးဆွဲသော ယာဉ်လိုင်းဖွင့်ပွဲကို ဖေဖော်၀ါရီ ၇ ရက်က ရန်ကုန်မြို့ ထောက်ကြန့် လမ်းဆုံအနီးရှိ အမှတ် (၁)အကြီး စားစက်မှုလုပ်ငန်း၊ အမှတ် (၁၁) စက်ရုံ၀င်း၌ ပြုလုပ်ခဲ့သည်။ပထမ အဆင့်တွင် BRT လမ်းကြောင်း အမှတ် (၁)ဖြစ်သော ထောက် ကြန့်လမ်းဆုံအနီးရှိ စက်မှု(၁)၀င်း BRT ဂိတ်ရင်းမှ ပြည်လမ်းတစ် လျှောက်၊ ဗိုလ်ချုပ်လမ်း၊ ကမ္ဘာအေးဘုရားလမ်းမှ ပြည်လမ်းရှစ်မိုင်၊ ရှစ်မိုင်မှတစ်ဆင့် ပြည်လမ်းထောက်ကြန့်သို့ စတင်ပြေးဆွဲမည်ဖြစ်သည်။

BRT Lite ယာဉ်လိုင်းအမှတ် (၂) လမ်းကြောင်းကိုလည်း မ ကြာမီတွင် ကမ္ဘာအေးဘုရားလမ်း၊ ဗိုလ်ချုပ်လမ်း၊ ဗိုလ်တထောင်ဘုရားလမ်း၊ ကမ်းနားလမ်း၊ ဆူးလေဘုရားလမ်း၊ ပြည်လမ်းတို့တွင်ထပ်မံပြေးဆွဲပေးသွားမည် ဖြစ်သည်။

‘‘ပထမတော့ ခက်ဦးမှာပါ။ ညာဘက်အစွန်ကို Public Transportation နဲ့ပတ်သက်လို့ ဘတ်စ်ကားတွေအားလုံးက ဒီထဲ ကို၀င်ရမှာဖြစ်တယ်။ BRT ကား အပါအ၀င် လက်ရှိပြေးနေတဲ့ ကားတွေအားလုံးအပါအ၀င်ဖြစ် တာကြောင့် အစပိုင်းကတော့ခက် ဦးမှာပါ။ ရှစ်မိုင်ခုံးကျော်တံတား ကလည်း မပြီးသေးဘူး။ နောက် ပိုင်းမှာတော့ ဒါတွေလည်းပြီးသွား ပြီဆိုရင် တော်တော်လေးအဆင် ပြေလာနိုင်မယ်လို့ထင်ပါတယ်’’ ဟု ဒေါက်တာမောင်အောင်က ပြောသည်။

ယာဉ်အစီးရေ ၁၈ စီးဖြင့် စတင်ပြေးဆွဲပြီး ဖေဖော်၀ါရီလ လယ်တွင် ယာဉ်အစီးရေ ၂၂ စီးဖြင့် ထပ်မံထည့်သွင်းပြေးဆွဲပေးမည် ဖြစ်သည်။ လက်မှတ်စနစ်ဖြင့် စီးနင်းရမည်ဖြစ်သဖြင့် BRT Lite ကြိုတင်ငွေပေး ဘတ်စ်ကားစီး နင်းခွင့်ကတ်များကို BRT ယာဉ် လိုင်းများပေါ်နှင့် BRT ကားမှတ် တိုင်များ၌ ၁,၀၀၀ ကျပ်မှ ၃,၀၀၀ ကျပ်အထိ စတင်၀ယ်ယူနိုင်သည်။

ကားစီးနင်းခွင့်ကတ်များကို ခရီးသည်များအသုံးပြုတတ်စေ ရန် ယာဉ်ပေါ်၌ ပညာပေး၀န်ထမ်း တစ်ဦးစီ တစ်လအထိ ထားရှိပေး ထားမည်ဖြစ်ရာ BRT Lite ယာဉ် များစီးနင်းရာတွင် ငွေသားကျပ် ဖြင့် စီးနင်းမှုကိုလုံး၀ခွင့်မပြုဟု ဆိုသည်။

‘‘BRT စနစ်ပြေးဆွဲတာ ကောင်းတယ်။ ခရီးသည်တွေ လည်းကားအသစ်စီးရသလို ယာဉ်မောင်းတွေလည်း ကားအ သစ်မောင်းရတယ်။ ဒါကြောင့်ဒီ မှာ မောင်းရတာ စိတ်ချမ်းသာ တယ်။ အန္တရာယ်ကင်းတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ ကားအသစ် လည်းမောင်းရတယ်။ ခရီးသည် တွေကိုလည်း စောင့်ကြည့်နေစရာ မလိုဘူး။ အတက်၊ အဆင်းတံခါး ဖွင့်ပေးလိုက်ရုံပဲဆိုတော့ ကျွန် တော်တို့အတွက် အဆင်အရမ်း ပြေပါတယ်’’ဟု ယာဉ်မောင်းလုပ် သက် ၁၅ နှစ်ကျော်ရှိသည့် BRT Lite ယာဉ်လိုင်းမှ ယာဉ်မောင်း ဦး၀င်းထွဋ်ကျော်က ပြောသည်။

ထို့ပြင် ယာဉ်များပေါ်၌ CCTVလေးလုံးစီ တပ်ဆင်ပေး ထားပြီး BRT ယာဉ်လိုင်းလမ်း ကြောင်းအဆင်ပြေစေရန် ကနဦး ပြေးဆွဲချိန်အတွင်း လမ်းကြောင်း တစ်လျှောက်ယာဉ်ထိန်းရဲများက စောင့်ကြည့်ပေးမည်ဟု ဆိုသည်။

‘‘BRT ကားတွေက ညာ ဘက်မှာပြေးဆွဲတာဆိုတော့ အစ ပိုင်းမှာ အရမ်းခက်ဦးမှာပါ။ ညာ ဘက်ကိုပြေးတာဖြစ်လို့ တခြား ကားတွေကိုအသုံးပြုခွင့်မပေး တာ၊ မမောင်းရတာမဟုတ်ဘူး။ မောင်းလို့ရပါတယ်။ ဒါပေမဲ့ BRT ကားတွေကိုတော့ ဦးစားပေးပါ။ မောင်းခွင့်မရှိဘူးပြောတာမဟုတ် ပါဘူး။ တောက်လျှောက်မောင်း လာတာမျိုးမဟုတ်ဘဲ လမ်းအချိုး အကွေ့တွေသွားတာက မောင်း လို့ရပါတယ်’’ဟု ဒေါက်တာမောင် အောင်က ပြောသည်။

BRT Lite ယာဉ်လိုင်းကို နေ့ စဉ် နံနက် ၆ နာရီခွဲမှ ည ၉နာရီခွဲ ထိပြေးဆွဲပေးမည်ဖြစ်ပြီး လမ်း ကြောင်းတစ်ခု၏ အသွားအပြန် ကြာချိန်မှာ သုံးနာရီခန့်ဖြစ်ကာ ကားတစ်စီး၌ ခရီးသည်ဦးရေ ၈၀ အထိ တစ်ပြိုင်နက်စီးနင်းနိုင်၍ တစ်နေ့လျှင် အခေါက်ရေသုံးကြိမ် ပြေးဆွဲပေးမည်ဖြစ်သည်။

‘‘BRT ကားတွေက အကုန် လုံးအသစ်တွေဖြစ်တော့ စီးရတဲ့ သူတွေသက်သောင့်သက်သာရှိ တယ်။ အဲကွန်းတွေကအစအရမ်း အေးတော့ ရန်ကုန်က ရာသီဥတု အတွက် အဆင်ပြေတယ်။ ကတ် စနစ်ဖြစ်ပေမယ့် အသုံးပြုရတာ လွယ်တယ်။ စက်ရှေ့မှာ ကတ်ကို ပြလိုက်ရုံပဲဆိုတော့ လူတိုင်းအ ဆင်ပြေနိုင်တယ်။ စပယ်ယာမပါ တော့ဘူးဆိုတော့ အရင်လိုကားခ ပိုတောင်းတာကိုလည်း စကား များ ရန်ဖြစ်စရာမလိုတော့ဘူး ပေါ့’’ဟု ဖေဖော်၀ါရီ ၇ ရက်တွင် စတင်ပြေးဆွဲသည့် BRT Lite ဘတ်စ်ကား စီးနင်းခဲ့သူ မင်္ဂလာဒုံ မြို့နယ်မှ ဒေါ်အေးအေးသိန်းက ပြောသည်။

အများပိုင်ယာဉ်လိုင်းအ တွက် အစုရှယ်ယာ၀ယ်ယူသူ ၇၀၀ ကျော်ရှိကာ ကျပ် ၁ ဒသမ ၈ ဘီလီယံဖိုး၀ယ်ယူထားသည်။ အဓိကအစုရှယ်ယာရှင်များသည် အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင် ခြောက်ဦးက တစ်ဦးလျှင် ကျပ်သိန်း၅,၀၀၀ ဖြင့် ၀ယ်ယူထားသည်။

‘‘အပြင်ပန်းစနစ်ကတော့ တော်တော်ကောင်းမွန်ပါတယ်။ ဒါပေမဲ့ ရေရှည်လုပ်ဆောင်နိုင်မ လားဆိုတာ စောင့်ကြည့်ရမယ်။ အခုက လက်မှတ်စနစ်နဲ့ လုပ် တာတောင် မအောင်မြင်တာတွေ ရှိတယ်။ အခု BRT ကျတော့ ရိုး ရိုးကားတွေနဲ့ ကွာခြားချက်က အ များကြီးရှိတယ်။ ကားမှတ်တိုင်ဆို လည်း နေရာတိုင်းမှာမရှိဘူး။ ခရီး သည်တွေအတွက် ကိုယ်သွားချင် တဲ့နေရာ ကားမရပ်ပေးရင် အ ခက်အခဲတွေရှိတယ်။ အနောက် နိုင်ငံတွေရဲ့ ယာဉ်ကြောစနစ်မှာ တော့ ကောင်းပေမယ့် လက်ရှိ ယာဉ်ကြောစနစ်တွေနဲ့ ရေရှည် လုပ်နိုင်မလားဆိုတာပဲ စောင့် ကြည့်ရမှာပါ’’ဟု ယာဉ်လိုင်းပိုင် ရှင်တစ်ဦးက BRT ယာဉ်လိုင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးသည်။