ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် ယာဉ်မောင်းများခေါ်ယူခြင်း

၁။  ရန်ကုန်ဘတ်စ်ကားအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်မှ ပြေးဆွဲမည့် မော်တော်ယာဉ်လိုင်းသစ်များတွင် ခန့်ထားရန်အတွက် အောက်ဖေါ်ပြပါ အရည်အချင်းနှင့် ပြည့်စုံသော ယာဉ်မောင်းများ အလိုရှိပါသည် -

    (က) သတ်မှတ်ယာဉ်မောင်းလိုင်စင်ရှိသူ ဖြစ်ရမည်။
    (ခ) အတွေ့အကြုံရှိသော ယာဉ်မောင်းများ ဖြစ်ရမည်။
    (ဂ) အသက် (၃၀) မှ (၅၅) နှစ်အတွင်း ဖြစ်ရမည်။
        (မှတ်ချက် - ယာဉ်မောင်းအတွေ့အကြုံပေါ်မူတည်၍ အသက်ကို လျှော့ပေါ့ စဉ်းစားမည်)
    (ဃ) အနည်းဆုံး အခြေခံပညာအထက်တန်းအဆင့်ဖြစ်ရမည်။
    (င) လစာစနစ်ဖြင့် ခန့်ထားမည်ဖြစ်ပြီး ညီညွတ်မျှတသော ခံစားခွင့်များရှိမည်။

၂။  သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသော လျှောက်ထားလိုသူများသည် အကျင့် စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရဲစခန်းနှင့် ရပ်ကွက်ထောက်ခံချက်များ ပူးတွဲ၍ အမှတ် (၆၅)၊ လေးထောင့်ကန်လမ်း၊ မာန်အောင်ရပ်ကွက်၊ တာမွေမြို့နယ်ရှိ ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်သို့ လျှောက်ထားနိုင်ပါသည်။
ဆက်သွယ်ရန် ဖုန်း - ၀၉ ၂၆၄၈၂၄၂၆၂ ၊ ၀၉ ၅၅၀၅၂၅၈
                                                                                                                                                                                   
                                                                                    ရန်ကုန်ဘတ်စ်ကားအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်