BRT LITE ဘတ်စ်ကားစနစ် မရှိမဖြစ်လိုအပ်လာပုံ

နှစ်စဉ်လူဦးရေ တိုးတက်များပြားလာလျက်ရှိသော ရန်ကုန်မြို့တွင် လူဦးရေတိုးတက်လာသည်နှင့်အမျှ မော်တော်ယာဉ် သုံးစွဲမှုသည်လည်း ပိုမိုများပြားလာလျက်ရှိပါသည်။ အများပြည်သူများအဓိက အားထားရသော ဘတ်စ်ကားများ၊ အငှားတက်ခ်စီများနှင့် ကိုယ်ပိုင်ယာဉ်များစသည်တို့သည် လည်း လမ်းမများပေါ်တွင် နေ့စဉ် အချိန်ကုန် လူပင်ပန်းစွာ ဖြတ်သန်းနေ ရပါသည်။ ထို့ပြင် အချို့သော ဘတ်စ်ကားများ၊ အငှားယာဉ် များနှင့် ကိုယ်ပိုင်ယာဉ်များ၏ သတ်မှတ်နေရာ မဟုတ်သည့် နေရာများတွင် ခရီးသည်များ အတင်အချပြုလုပ်မှုကြောင့် တစ်နေ့ထက်တစ်နေ့ ယာဉ်ကြော ပိတ်ဆို့မှုများ ဆိုးရွားလာပါသည်။ အချိန်နှင့်အမျှ သွားလာလှုပ်ရှားနေကြသော အများပြည်သူများအနေဖြင့် ထိုပြသနာများကြောင့် နေ့စဉ်ဒုက္ခကြီး သဖွယ် ခံစားနေရပါသည်။ ယနေ့ ခရီးသွားပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများစွာကို ခရီးသွား ပြည်သူများ စိတ်အေး ချမ်းသာစွာဖြင့် လိုရာခရီးကို သက်တောင့် သက်သာ စီးနင်းလိုက်ပါနိုင်သည့် BRT စနစ်ကို ပြောင်းလဲခြင်း ဖြင့် အချိန်ကုန် သက်သာစွာ လိုရာခရီးရောက်နိုင်သည့်အပြင် Ticket စနစ်အသုံးပြုမည့်အတွက် အကြွေရှားပါးမှု ပြသနာများကိုပါ ဖြေရှင်းပေးနိုင်မည်ဖြစ်ပါသည်။