YBPC BRT LITE ယာဉ်လိုင်းသို့ Scania City Bus (၅) စီး ထပ်မံရောက်ရှိနေပြီဖြစ်ပြီး မကြာမီကာလအတွင်း Daewoo (၁၅) စီး ထပ်မံရောက်ရှိလာတော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
Update Information

ကားလက်မှတ်ရောင်းချခြင်းနှင့် ငွေဖြည့်ခြင်းများအတွက် မှတ်တိုင် ၈ခုဖြစ်သော ထောက်ကြန့်၊ ၈မိုင်၊ မာလာ၊ မြေနီကုန်း၊ သမ္မတ၊ ၀ါယာလက်၊ လမ်းနီ၊ ဗိုလ်တထောင် မှတ်တိုင်တို့တွင် ရောင်းချပေးသွားပါမည်။
ရန်ကုတ်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဒါရိုက်တာအဖွဲ့ဝင်များနှင့် ဝန်ထမ်းများ နှစ်သစ်အကြိုတွေ့ဆုံပွဲအခမ်းအနားကို ၂၀၁၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ YBPC ရုံး၌ ကျင်းပခဲ့ပါသည်။
၁။ မှတ်တိုင်တိုးချဲ့ပေးခြင်း
ရန်ကုန်ဘတ်စ်ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် BRT Lite အား လိုက်ပါ စီးနင်းကြသည့် ခရီးသွားပြည်သူများ ခရီးသွားလာရေး ပိုမိုအဆင်ပြေစေရန် အောက်ပါမှတ်တိုင်များကို တိုးချဲ့သတ်မှတ်လျက် ရပ်နားပြေးဆွဲလျက် ရှိပါသည်။
(က)တိလောကရပ်ကွက်(ထောက်ကြန့်)

ရန်ကုန်မြို့တွင်း၌ ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က အမြန်ဘတ်စ်ကားစနစ်(BRT)ကို တစ်ဦးလျှင်ယာဉ်စီးခကျပ် ၃၀၀ ဖြင့် ဖေဖော်၀ါရီ ၇ ရက်တွင် စတင်ပြေးဆွဲသည်။ သို့သော် အပေါ့စားအမြန်ဘတ်စ်ကားစနစ်(BRT Lite)ဖြင့်သာ စတင်ခြင်းဖြစ်သည်။

ရန်ကုန်မြို့၊ အများပြည်သူ သွားလာမှုအဆင်ပြေချောမွေ့စေရန် အတွက် နိုင်ငံတော်-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ကို ဖွဲ့စည်းခဲ့ပါသည်။ ရန်ကုန်ဘတ်စ်ကားအများနှင့် သက်ဆိုင် သော ကုမ္ပဏီလီမိတက် (Yangon Bus Public Company Limited) ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင